Friday, August 23, 2013

စိတ်ဆင်းရဲတယ်



ကျွန်တော်ကို အင်္ဂလန်မှာ မမွေးတဲ့ အတွက် ကျွန်တော် ဘောလုံးသမားမဖြစ်ဘူး
အဲ့ဒါကြောင့် စိတ်ဆင်းရဲတယ်
ကျွန်တော်ကို ချမ်းချမ်းသာသာ နေရအောင်မိဘတွေက ဥစ္စာဓနတွေ မရှာပေးခဲ့ဘူး
အဲ့ဒါကြောင့် ကျွန်တော်စိတ်ဆင်းရဲတယ်
ကျွန်တော့် အဖေက နိုင်ငံတော် သမ္မတ ဖြစ်အောင်မလုပ်ခဲ့တဲ့ အတွက်
ကျွန်တော် စိတ်ဆင်းရဲတယ်
ကျွန်တော့်ကို လွတ်လွတ်လပ်လပ် နေပြီးလုပ်ချင်ရာလုပ်လို့ရတဲ့ ဘာသာထဲကိုမရောက်ခဲ့တဲ့အတွက်
ကျွန်တော်စိတ်ဆင်းရဲတယ်
                                       စိတ်ချမ်းသာတယ်
ကျွန်တော့်ကို မြန်မာပြည်မှာ မွေးပြီး မြန်မာ့ ယာဉ်ကျေးမှုတွေနဲ့ မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားမှုတွေ စာနာမှုတွေ လေးစားမှုတွေ ကြားထဲမှာမွေးဖွားခဲ့ တဲ့အတွက်ကျေးဇူးတင်တယ် စိတ်ချမ်းသာတယ်
ကျွန်တော့် အဖေက ကျွန်တော်တို့အတွက် ဥစ္စာဓနတွေ မချန်ထားခဲ့ဘူး ဒါပေမဲ့ ကျွန်တော်တို့ကို အသိပညာတွေ အတတ်ပညာတွေ လူမှုဆက်ဆံရေးတွေ လိုက်လျောညီထွေအောင် နေတတ်ဖို့ သင်ကြားပို့ချလမ်းပြပေးခဲ့တဲ့ အတွက် စိတ်ချမ်းသာတယ်
ကျွန်တော့ အဖေက နိုင်ငံတော်သမ္မတ မဟုတ်ပေမဲ့ ရပ်ကွက်လူကြီးတော့ ဖြစ်ခဲ့တယ် ရပ်သူရွာသားတွေ အပေါ်ကို စေတနာတွေထား မေတ္တာတွေထားပြီး ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ အတွက် အခုအဖေ ဆုံးပါးသွားတာတောင်မှ အဖေ့ကို ချီးမွမ်းသံတွေ အခုချိန်ထိ ကြားနေရတဲ့အတွက် ကျွန်တော် ဂုဏ်ယူတယ် စိတ်ချမ်းသာတယ်
ကျွန်တော့်ရဲ့ အယူမှားပေါ့ ကျွန်တော်ငယ်ငယ် က ဗုဒ္ဓဘာသာကို အရမ်းကျဉ်းကျပ်တယ် လို့ထင်မြင်ခဲ့တယ် တကယ်တမ်း ကြတော့ ကျွန်တော်တို့ ဘာသာက ပိုပြီးတော့ လွတ်လပ်တယ် မျှတတယ် အေးမြတယ် ကြည်လင်တယ် ဖြူစင်တယ် အဲ့ဒါကြောင့်မို့ ကျွန်တော်စိတ်ချမ်းသာတယ် 







Wednesday, August 21, 2013

စလေ ဦးပုည ခေါ် မောင်ပုတ်စည်

                ဦးပုည သည် စလေမြို့ဇာတိ စလေသားဖြစ်ပါတယ် ကျွန်တော် ဆရာဦးပုညရဲ့ အရေးအသားတွေကို အရမ်းသဘောကျ ပါတယ် ဒါကြောင့်မို့လဲ အခုလို သူ့အကြောင်းတွေ လေ့လာဖြစ်
ခဲ့တာပါ ဆရာဦးပုညကို မြန်မာနှစ် ၁၁၇၄ ခု ခရစ်နှစ် 1812 ခုနှစ် စစ်ကိုင်းမင်း လက်ထက်မှာ ဖွားမြင်ခဲ့ပါ
တယ် ဦးပုညဟာ အမရပူရ မြို့ ဗန်းမော် ဆရာတော်ထံမှာ ပင်ညာသင်ယူတယ် ရှင်သာမဏေဝတ် တုန်က
ဘွဲ့နာမည်မှာ ရှင်ပုညာဘိဓဇ ဖြစ်ပါတယ် ရှင်လူထွက်ပြီး မင်းတုန်းမင်းညီတော် ကနောင်မင်းသားထံတွင် ခ
ခစားရပါတယ် အရေးအသား အပြောအဆိုကောင်းတော့ ဆရာကြီး နံမည်တက်လာပြီး မင်းတုန်းမင်းတရား
ကြီးကိုယ်တော်တိုင် လက်ဖက်ရည်တော်ဘက်တွင် မင်းလှင်္သခယာ ဘွဲ့ထူးနဲ့ ထမ်းရွက်ခစားရတယ် ရွာစည်ရွာကိုလဲ အပိုင်စားရတယ်  ဆရာဦးပုည  ကို မင်းတုန်းမင်ကြီးက အာဝဇ္ဇန်းရွှင်သူ ၊ တင်္ခဏုပ္ပညာဏ်လျှင်သူ ၊ ဇဝနပဋိဘာန်ရှင်သူ ဆိုပြီးတော့ နန်းတွင်းတခုလုံးမှာ ရွှန်းရွှန်းဝေအောင်နေတော့
သည် ကဗျာညာဏ် အာဘော်ကလည်း ကလော်တိုင်းထွက်သောကြောင့် အခုလိုဖြစ်တာပါလို့လဲ သူကိုယ်
တိုင်ပဲ ပြောဆိုခဲ့ဘူးပါတယ် ဦးပုညသည် လွန်ခဲ့သော နှစ်ပေါင်း ၁၇၅ ခုနှစ်ကျော်ကျော်ကပင် မြန်မာဝတ္တု ဆရာကြီးတစ်ဦးလဲ ဖြစ်သည် ပြဇတ်ရေးဆရာလဲဖြစ်သည် သူ့ဝတ္တုများမှာ ဇာတ်လမ်းဇာတ်ကွက်ကောင်း
သည် အဆန်းတကြယ် ဖြစ်မှုကြောင့် ကျော်ဇော သူမဟုတ်ပေ  လူ့ရုပ် လူ့သဘာဝကို ပီပြင်အောင် ပီသအောင် ဖေါ်ပြဖန်ဆင်းပြ နိုင်သော ကြောင့်  ကျော်ဇော ခြင်းဖြစ်သည် ယခုခေတ် ပညာရှိများကတောင်
ဦးပုညကို အင်္ဂလပ် စာရေးဆရာ ရှိတ်ပီးယားနှင့် နှိုင်းယှည်လေ့ ရှိကြပါသည်
            ဦးပုညကို မင်းညီမင်းသား မိဖုရားများက တိုက်တွန်းသဖြင့် ပြဇာတ်များကို ရေးသားစီကုန်းပေးခဲ့
ပါသည်  ဆရာဦးပုည ရေးသားခဲ့သောပြဇာတ်များမှာ ဂင်္ဂါမာလဇာတ် ၊ ပဒုမပြဇာတ် ၊ ဝေသံန္တရာဇာတ်
ဝိဇယပြဇာတ် ၊ ကောသလပြဇာတ် ၊ ဝါသုဒေပြဇာတ် စသည်တို့ဖြစ်ပါတယ်
           ဂင်္ဂါလာလဇာတ်ခေါ် ရေသည်ပြဇာတ်ကို  မင်းတုန်းမင်းကြီးနှင့် ညီတော်အိမ်ရှေ့စံကနောင်မင်း
သားတို့ စိတ်အခန့်မသင့် မကြည်မလင်ရှိနေစဉ်တွင်  ၄င်းပြဇာတ်ပါ   အိမ်ရှေ့မင်းက တောင်းပန်ဝန်ချခန်း
ပါသောကြောင့် ရေသည်ပြဇာတ်ကို ဦးပုည အားရေးသား ဆက်သွင်းစေခဲ့သည် ထိုရေသည်ပြဇာတ်ကို
မင်းတုန်းမင်းကြီး ဖတ်ရှုရသောအခါ ညီတော် ကနောင်မင်းသားကို ပိုမိုချစ်ကြည်လာသည် ၄င်းပြဇာတ်ကို
လည်း အထူးနှစ်သက်တော်မူ၍ ရှေ့တော်ဠ် အခါခါ အထပ်ထပ် ဖတ်လျှောက် ကပြ ကြရသည်ဟုဆိုသည်။
           ထိုသို့ ကျော်ဇော လာသည်ကို ပညာပြိုင်ဖက်များက မလိုလားသောအခါ မြင်ကွန်းမြင်းခုံတိုင်
မင်းသားတို့ ပုန်ကန်သည့် အရေးဠ် ဦးပုည အခါတော်ပေးသည်ဟု သင်္ကာမကင်းသဖြင့် ညမြို့ဝန် ဦးသာအိုး
နေအိမ်တွင်  ဖမ်းဆီးချုပ်နောင်ထားရာမှာ လုပ်ကြံကွပ်မျက် ခံခဲ့ရသည် ထိုအကြောင်းကို မင်းတုန်းမင်းကြီး
ကြားသိရသောအခါ မင်းကြီးက နှမြောလှ၍ " လူကိုခွေးသတ်လေခြင်း " ဟုမိန့်ကြားခဲ့လေသည်
               
            ကျွန်တော်သိသလောက် လေ့လာထားလောက်ကို တင်ပြခြင်းဖြစ်တဲ့ အတွက် လိုအပ်သည်များ
ရှိလျှင်လဲ ခွင့်လွှတ်ပေးကြပါ ကျေးဇူးတင်ပါတယ်

Tuesday, August 20, 2013

Title of the document The content of the document......

စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုရား ရာဇမဏီစူဠာ စေတီတော်မြတ်ကြီး
     စစ်ကိုင်းမြို့ကိုရောက်ရင် ဝင်ဖူးဖြစ်အောင် ဖူးရမဲ့ ဘုရားဖြစ်ပါတယ်

လူတွေရဲ့ သဘာဝ

     သဘာဝ ဆိုတာထက် ဒီသဘာဝဆိုတဲ့ သဘောတရားကို လက်ခံနိုင်တဲ့ အရည်အချင်းတော့ရှိရမယ်
တစ်ချို့တွေက ဒါတွေကို လွန်ဆန်ပြီး ဒုက္ခရောက်ကုန်တာတွေ အများကြီးပါပဲ
     သဘာဝကို လွန်ဆန်ခဲ့ တဲ့ကျွန်တော်တို့ မိသားစုပါ ကျွန်တော့ အဖေ ပေါ့ အစာအိမ်ကင်ဆာ ဖြစ်ပြီး
ဆေးရုံတက်ရတယ်  ဆေးရုံတက်ရတဲ့ အကြောင်းအရင်းကလဲ အဖေကပြောတယ် သူ့ဗိုက်ထဲမှာ နာနေတယ် အစား စား ရင်လဲ နာနေတယ်ဆိုတာနဲ့ ဆေးရုံကို ပြေးကြတယ် နောက်ပြီး စိတ်မချတာနဲ့
ဗိုက်ထဲကို cctv ကင်မရာထည့်ပြီး ရိုက်ကြည့်တယ် အဲ့ဒီမှာ အစာအိမ်အဝမှာ  ကင်ဆာဖြစ်နေတဲ့ အနာကြီးကို တွေ့သွားတယ် အဲ့ဒီမှာ ဆရာဝန်ကိုတိုင်ပင်ကြည့်တယ် ဘယ်လိုအနေအထားလဲဆိုတော့
အနာရဲ့ အခြေအနေက နံပတ်လေး အဆင့်လောက်ရှိတယ်တဲ့ အဲ့ဒါကို ဘယ်လိုလုပ်ချင်ပါသလဲဆိုတော့
ဆွေမျိုးသားချင်းတွေက အခြေအနေဆိုးနေပြီဆိုတော့ ဒီအတိုင်းပဲ သူ့ကံပေါ့ သဘာဝအတိုင်းထားလိုက်
ပါတဲ့လေ ဒါကို ကျွန်တော်တို့က သဘာဝကို လွန်ဆန်လိုက်ကြတယ် ဆရာဝန်ကို ကျွန်တော့အဖေ အတွက် ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ အဲ့ဒီအနာက အသားစကို ယူရမယ် ပြီးတော့ ဓတ်ခွဲ
ခန်းမှာ စစ်ဆေးပြီး ခွဲထုတ်မယ် အနာကို ဝိုက်လှီးပြီးတော့ ပြန်ချုပ်မယ် ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်တဲ့
ဒါနဲ့ ကျွန်တော်တို့လဲ သူ့စကားကို နားရောင်ပြီး အသားစကို ထုတ်မယ်ဆိုပြီး အတည်ပြုလိုက်ကြတယ်
အဲ့ဒီမှာ စတွေ့တာပါပဲ ဆရာဝန်က လက်မသေချာတော့ အနာကို အသားစ ထုတ်တဲ့ စွန်ကုပ် နဲ့ သုံးလေး
ချက် ထိုးပြီး ကုပ်တယ် အဲ့ဒီမှာ အနားဘေးနားတစ်ဝိုက်မှာပါ အပေါက်တွေ ဒဏ်ရာတွေ ဖြစ်ပြီး  သွေးတွေ
ထွက်လာတော့တယ် အဲ့ဒီမှာ ရလာတဲ့အသားစကို ဓတ်ခွဲခန်း ကိုပို့လိုက်မယ်တဲ့ အဖြေရရင် ပြောလိုက်
မယ်တဲ့ ဒါနဲ့ ကျွန်တော်တို့ စောင့်နေကြပါတယ်  ညနေ ၄း၀၀ နာရီလောက်မှာ အဖြေရပါတယ် အဲ့ဒီမှာ
ဆရာဝန်က ချက်ချင်း ခွဲလို့ မရသေးဘူးတဲ့ လူနာကအားနည်းနေတယ် အဲ့ဒီတော့ အားပြန်ပြည့်အောင်
ငါးရက်လောက် စောင့်ရမယ် ဆိုပြီးပြောတယ် အဲ့ဒီမှာ ကျွန်တော်တို့လဲ အဖေ့ကို အားရှိလာအောင် ကောင်း
ရာမွန်ရာလေးတွေ ဝယ်ကျွေးကြ ပြီး ဆေးရုံမှာ စောင့်နေကြတယ် ဒီိလိုစောင့်နေရင်းနဲ့ အဖေရဲ့ အခြေအနေက တဖြေးဖြေးနဲ့ ဆိုးလာခဲ့တယ် အဲ့ဒါနဲ့ ဆရာဝန်ကို ပြောတော့ ငါးရက်မြောက်ပြီး ခြောက်ရက်
ရောက်တဲ့ နေမှာ ခွဲခန်းဝင်တယ် ကျွန်တော်တို့တွေက ခွဲခန်းအပြင်ကနေစောင့်နေတယ် အဲ့ဒီမှာ ၁း၃၀ နာရီ
လောက်ကြာတယ် အဖေ့ကို တွန်းလှည်းပေါ်တင်ပြီး တွန်းလာတာမြင်တော့ အားလုံးဝိုင်းပြီး ဆရာဝန်ကိုမေး
ကြတယ် အဲ့ဒီမှာ ဆရာဝန်က ခွဲစိတ်တာ စိတ်တော့မကောင်းပါဘူးဗျာ မအောင်မြင်ဘူးတဲ့ သူ့အတိုင်းပဲ ပြန်
ချုပ်ပေးလိုက်ရတယ်တဲ့ အစာအိမ် အထဲမှာ တော်တော်အခြေအနေဆိုးနေပြီး အစာအိမ်တစ်ခုလုံးပြန့်နေပြီ
တဲ့လေ အဲ့ဒီမှာ မိသားစုဝင်တွေ အားလုံး မျက်ရည်လေးစမ်းတန်း စမ်းတန်းတွေနဲ့ ဖြစ်ကုန်တော့တယ်
ဒါဆိုရင်ဆရာရယ် ဘယ်လောက်ခံနိုင်အုံးမလဲလို့မေးတော့ ၃ လနဲ့ ၆ လကြားလောက်ပဲတဲ့ အဲ့ဒါနဲ့ အဖေ့ကို
ငှားထားတဲ့ အခန်းကို ပြန်ခေါ်လာတယ် အခန်းထဲရောက်တဲ့ အထိ အဖေကသိပ်ပြီး သတိမရသေးဘူး
မိနစ် ၂၀ လောက်နေတော့ အဖေက သတိပြန်ရလာပြီ အဲ့ဒီမှာမေးတော့တာပဲ ဘယ်လိုလဲ ငါ့သားတို့ ခွဲခန်း
ကဘာပြောလဲ ဆိုတော့ ညီအစ်ကို နှစ်ရောက်လိမ်ကြရတော့တာပေါ့ ရင်ထဲကမှာပူလောင် ငိုကြွေးနေတာ
တွေကို ဖြေပြီး အဖေ့ကို အပြုံးလေးနဲ့ အဆင်ပြေတယ် အဖေ အောင်မြင်တယ်လို့ပြောပါတယ် တစ်ပတ်လောက် နေပြီးရင် ဆေးရုံက ဆင်းရမယ်လို့ပြောပါတယ် ဆိုပြီးပြောလိုက်ကြတယ် ဒီလိုနဲ့ ဆေးရုံကဆင်းပြီး  တစ်လနဲ့ ၉ ရက်ပဲ ခံတယ် အဖေဟာ 2007 ခုနှစ် 11 လပိုင်း 1 ရက်နေ့မှာ ဆုံး
ပါးသွားပါတယ်
   ကျွန်တော်ရေးတဲ့စာတွေကြောင့် ခံစားသွားရရင် ခွင့်လွှတ်ပေးပါ ကျေးဇူးတင်ပါတယ်

တော်တော်ခက်တဲ့ လူတွေ

Monday, August 19, 2013

ဘယ်‌လိုမှ ပြန်‌မရ‌တော့တဲ့ အ‌ရေးကြီးဆုံး တစ်‌ခုတည်း‌သော အချိန်‌

                   လမှန်နေရာမှန်ပြန်ရောက်သွားတဲ့ ကျွန်တော်  အရင်တုန်းကလဲ ကျွန်တော် အခုလဲ ကျွန်တော် နောင်လဲ ကျွန်တော်ပါပဲ လူငယ်လေးတွေ အားမလျှော့ ဖို့ ပြောချင်တာက လောကကြီးမှာ ဘယ်ဟာက ပိုအရေးပါလဲဆိုတာကို သိစေချင်တာ ကျွန်တော်သိသလောက်ကတော့ ဖြူစင်တဲ့ မေတ္တာ တရားနဲ့ ဖြူစင်တဲ့ စိတ်တွေကို ပိုင်ဆိုင်နိုင်ဖို့ပဲ အရေးကြီးပါတယ်

ကျွန်တော်နှင့် အရင်းနှီးဆုံး လူမိုက်ကြီးများ



         လောကမှာ လူပေလူတေတွေ တော်တော်များတယ်ဆိုတာကို ကျွန်တော် အခုတော့ လက်ခံရတော့  မယ်ထင်ပါတယ် ဘာ လို့လဲဆိုတော့ အခုလက်တွေ့တွေ့ နေရပြီလေ
         သူကတော့ နောက်မှ ရင်းနှီးတဲ့ လူမိုက်ကြီး ပေါ့ သူက စစ်သားတစ်ယောက်ပါ အခုတော့ မန္တလေးမြို့ မြို့တော်စည်ပင်သာယာရေးကော်မတီက ကားကွင်းအုပ်ချုပ်ရေးမှုးတစ်ယောက်ဖြစ်တယ်  ကျွန်တော်နဲ့သူငယ် ချင်းပေါ့ ဒါပေမဲ့ အသက်ချင်းကတော့ တော်တော်ကိုကွာပါတယ် သူက ၆၀ ကျော် ကျွန်တော်က ၃၀ မပြည့် သေးဘူး ထားပါတော့ တော်တော်လေးကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပေါ့ သူ့အကြောင်းတွေ ကျွန်တော့ကို ပြောပြတော့ ကျွန်တော်လဲ စိတ်ဝင်းတစားနဲ့ နားထောင်ခဲ့တာပေါ့  သူငယ်ငယ်က တော်တော်ဆိုးတယ်ဆိုပဲ သူ ငယ်ငယ်တုန်းက သူတို့ရွာမှာ နွားကျောင်းနေတဲ့ အချိန်ကပေါ့ နွားကျောင်းရင်းနဲ့ သစ်ပင်ပေါ်ကို တက်ဆော့တာ အခန့်မသင့်တော့ သစ်ပင်ပေါ်က ပြုတ်ကျပြီး သတိလစ်နေတာ မနက်  ၈း၀၀ နာရီလောက်ကနေ သတိ လစ် သွားတာ ညနေ ၅း၀၀ နာရီလောက်မှ သတိရတယ်တဲ့  ဘယ်သူမှလဲ မရှိဘူး ဘယ်သူမှလဲ မသိလိုက်ကြဘူး သူတစ်ယောက်တည်း တော်သေးတာပေါ့ ဘာမှမဖြစ်လို့လေ  နောက်တစ်ခုက
        ရွာကသူငယ်ချင်းတွေနဲ့ ချောင်းထဲမှာ ရေသွားကူးကြတယ်တဲ့ အဲ့ဒီမှာ သူ့ရဲူ့သူငယ်ချင်းတွေက ဂျွမ်းပြစ် ကြတယ် အဲ့ဒါကို သူက အားကျမခံ တစ်ခါမှ ဂျွမ်းမပြစ်ဖူးပဲနဲ့ လိုက်ပြစ်တာ ကျောကုန်းနဲ့ ကျပြီး မလှုမ်နိုင်ပဲ ရေထဲမှာ မျှောပါသွားတယ်တဲ့လေ ဒါတင် ဘယ်ကအုံးမလဲ
        သူ စစ်တပ်ထဲကို ဝင်သွားတယ် ဘာလို့ဝင်တာလဲ ဆိုတော့ သေနပ် ကိုင်ချင်လို့ဝင်တာတဲ့ သူက စစ်တိုက်ရ တာကို တော်တော် သဘောကျတယ်ဆိုပဲ အဲ့ဒီမှာ သူတပ်ထဲကို ရောက်တဲ့ အကြောင်းလေးတွေ ပြောပြပါတယ် သူ့ရဲ့ ပထမ ဆုံးတိုက်ပွဲ အကြောင်းပေါ့ ကချင်ပြည်နယ်မှာ သူက စစ်သက်တစ်လျှောက်လုံး ကချင်ပြည်မှာ ကျတာများတယ်တဲ့  အဲ့ဒီမှာ ပထမဆုံး တိုက်ပွဲက ဒီလို
        သူကရှေ့တန်း ထွက်ရမယ်ဆိုတော့ ပျော်ပြီးတော့ နေတယ် နောက်ပြီး ရှေ့ဆုံးက ပွိုင့် မှာနေချင်တယ် ဒီလိုနဲ့ သူ့ရဲ့ ဆန္ဒလေး ပြည့်ခဲ့ပါတယ်  ပထမဆုံး စစ်ကြောင်းမှာပဲ သူက ပွိုင့် နေရာကနေ သွားရတယ် ရှေ့ဆုံး ကပေါ့ အဲ့ဒီမှာ သူ့နောက်က 2 နဲ့ 3 လဲ ပါတယ် သူက 1  ဒီလိုနဲ့ ရှေ့ဆုံးကနေ သုံးယောက် တန်းစီပြီးသွားနေ တုန်း  နံပတ် 2 က စစ်သားမှာ မွေးစားထားတဲ့ ခွေးမလေး တစ်ကောင်ရှိတယ်တဲ့ သူတို့စစ်ကြောင်းက ချီတက် လာရင်းနဲ့ မြစ်ကြီးနားမြို့နယ် ရဲ့ ရွာလေး တစ်ရွာကို ဖြတ်ကြတယ် အဲ့ဒီရွာကို ဖြတ်သွားရင်းနဲ့ နံပတ် 2 စစ်သား မွေးထားတဲ့ ခွေးမလေးက ကြက်တစ်ကောင်ကို ဖမ်းမိသွားတယ် အဲ့ဒါနဲ့ ကြက်ကို ခွေးပစပ်က လုပြီး ဟင်းစား အတွက် အဲ့ဒီ ကြက်ကလေးကို နံပတ် 3 ကလိုက်လာတဲ့ ရဲဘော်ကို ပေးလိုက်တယ် အဲ့ဒီရဲဘော်ကလဲ သူ့အင်း ကျီ ရင်ဘတ်ထဲကို ထိုးထဲ့လိုက်တယ် ဒီလိုနဲ့ ဆက်လျှောက်လာတော့ လယ်ကွင်းအစပ်နားရောက်လာတယ် တစ်ဘက်က လဲကွင်း တစ်ဘက်က ရွာစပ် ဒီလိုနဲ့  ပွိင့်နေရာမှာနေတဲ့သူက အရေးပါလာတော့တာပေါ့ ဒါနဲ့သူ က တွက်လိုက်တယ် ကွင်းပြင်ကို ဖြတ်ရတော့မယ်ဆိုတော့  သူ့နောက်က လိုက်လာတဲ့ ရဲဘော်နှစ်ယောက်ထဲ က နံပတ် 3 က လိုက်လာတဲ့ ရဲဘောကို လယ်ကသင်းရိုး အထစ်ကလေး နားမှာ နေရာပေးပြီး အားလုံးကို သတိ ဝရီယ ထားဖို့ အချက်ပြလိုက်တယ် အဲ့ဒီလို လုပ်နေတုန်း  နံပတ် 2 နေရာကနေ လိုက်လာတဲ့ ရဲဘော် က သူ စကားပြောနေတုန်း အချက်ပြနေတုန်းမှာ ရှေ့ကို  ကျော်တက်သွားတယ် သူနဲ့ ပေ 30 လောက်ကို ရောက် သွားတော့ အဲ့ဒီရွာစပ် နားမှာ နေရာယူထားတဲ့ သောင်းကျန်းသူတွေက နံပတ် 2 စစ်သားကို ပြစ်ချလိုက်တယ် ဒါကိုတွေ့တော့ အားလုံးနေရာယူ အကာအကွယ် ယူကြတာပေါ့ အဲ့ဒီမှာ သူကလဲ စဉ်းစားပြီးတော့ လယ်ကွင်း ထဲကို ပြေးရင်တော့ ပြစ်ကွင်းထဲကို ရောက်သွားမှာပဲဆိုပြီး အဲ့ဒီရွာစပ် ခြံစည်းရိုးဘေးက ရေမြောင်း အဟောင်း ထဲကို ခုန်ချလိုက်တယ် ရေမြောင်းက မိုးတွင်းမဟုတ်တော့ ရေကမရှိဘူး  အနက် ၅ ပေလောက်ရှိမယ် ထင်တယ် အဲ့ဒီမှာ ရန်သူတွေက ရွာစပ်နားကနေပြစ်နေတာဆိုတော့ သူကလဲ ရေမြောင်းထဲကနေ ခြံစည်းရိုး ဘက်အခြမ်းကို ကပ်ထားရတာပေါ့ ခွေခွေလေးပုံစံနဲ့ အဲ့ဒီမှာ ရန်သူတွေ ပြစ်လိုက်တဲ့ ကျည်ဆံဟာ သူ့ရဲ့ ဖင် နား ပေါင်နားကနေ ကပ်ပြီး မြေကြီးကို တဖွား ဖွား နဲ့ ကျတော့တာပဲ  ဒါနဲ့ ဘာမှ မလုပ်ရဲပဲ အဲ့ဒီလိုပဲ ကပ်နေ ခဲ့ရတယ်  အဲ့ဒီအချိန်မှာ သေသွားတဲ့ နံတ်ပတ် 2 ကစစ်သားမွေးထားတဲ့ ခွေးမလေးက သူ့ဆီကိုပြေးလာတယ် ကျည်ဆံတွေကလဲ သူ့ဘေးကနေ ဆက်တိုက် မြေကြီးကို ကျနေတယ် ဒီလိုနဲ့  နည်းနည်းကြာလာတော့ စစ်ကူ တွေရောက်လာပြီး တိုက်ပွဲက ပြီးသွားတယ် အဲ့ဒီမှာ သူ့ရဲ့ ပထမ ဆုံးရှေ့တန်း ထွက်ရတဲ တိုက်ပွဲမှာပဲ စစ်သား တစ်ယောက် ကျသွားတယ် ဒါပေမဲ့ အကောင်းဘက်ကနေ ပြန်ကြည့်မယ်ဆိုတော့ သူ့နေရာကို ခံသွားတဲ့ ရဲဘော် တစ်ယောက်ဆိုရင်လဲ မ မှားပါဘူး