သဘာဝ ဆိုတာထက် ဒီသဘာဝဆိုတဲ့ သဘောတရားကို လက်ခံနိုင်တဲ့ အရည်အချင်းတော့ရှိရမယ်
တစ်ချို့တွေက ဒါတွေကို လွန်ဆန်ပြီး ဒုက္ခရောက်ကုန်တာတွေ အများကြီးပါပဲ
သဘာဝကို လွန်ဆန်ခဲ့ တဲ့ကျွန်တော်တို့ မိသားစုပါ ကျွန်တော့ အဖေ ပေါ့ အစာအိမ်ကင်ဆာ ဖြစ်ပြီး
ဆေးရုံတက်ရတယ် ဆေးရုံတက်ရတဲ့ အကြောင်းအရင်းကလဲ အဖေကပြောတယ် သူ့ဗိုက်ထဲမှာ နာနေတယ် အစား စား ရင်လဲ နာနေတယ်ဆိုတာနဲ့ ဆေးရုံကို ပြေးကြတယ် နောက်ပြီး စိတ်မချတာနဲ့
ဗိုက်ထဲကို cctv ကင်မရာထည့်ပြီး ရိုက်ကြည့်တယ် အဲ့ဒီမှာ အစာအိမ်အဝမှာ ကင်ဆာဖြစ်နေတဲ့ အနာကြီးကို တွေ့သွားတယ် အဲ့ဒီမှာ ဆရာဝန်ကိုတိုင်ပင်ကြည့်တယ် ဘယ်လိုအနေအထားလဲဆိုတော့
အနာရဲ့ အခြေအနေက နံပတ်လေး အဆင့်လောက်ရှိတယ်တဲ့ အဲ့ဒါကို ဘယ်လိုလုပ်ချင်ပါသလဲဆိုတော့
ဆွေမျိုးသားချင်းတွေက အခြေအနေဆိုးနေပြီဆိုတော့ ဒီအတိုင်းပဲ သူ့ကံပေါ့ သဘာဝအတိုင်းထားလိုက်
ပါတဲ့လေ ဒါကို ကျွန်တော်တို့က သဘာဝကို လွန်ဆန်လိုက်ကြတယ် ဆရာဝန်ကို ကျွန်တော့အဖေ အတွက် ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ အဲ့ဒီအနာက အသားစကို ယူရမယ် ပြီးတော့ ဓတ်ခွဲ
ခန်းမှာ စစ်ဆေးပြီး ခွဲထုတ်မယ် အနာကို ဝိုက်လှီးပြီးတော့ ပြန်ချုပ်မယ် ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်တဲ့
ဒါနဲ့ ကျွန်တော်တို့လဲ သူ့စကားကို နားရောင်ပြီး အသားစကို ထုတ်မယ်ဆိုပြီး အတည်ပြုလိုက်ကြတယ်
အဲ့ဒီမှာ စတွေ့တာပါပဲ ဆရာဝန်က လက်မသေချာတော့ အနာကို အသားစ ထုတ်တဲ့ စွန်ကုပ် နဲ့ သုံးလေး
ချက် ထိုးပြီး ကုပ်တယ် အဲ့ဒီမှာ အနားဘေးနားတစ်ဝိုက်မှာပါ အပေါက်တွေ ဒဏ်ရာတွေ ဖြစ်ပြီး သွေးတွေ
ထွက်လာတော့တယ် အဲ့ဒီမှာ ရလာတဲ့အသားစကို ဓတ်ခွဲခန်း ကိုပို့လိုက်မယ်တဲ့ အဖြေရရင် ပြောလိုက်
မယ်တဲ့ ဒါနဲ့ ကျွန်တော်တို့ စောင့်နေကြပါတယ် ညနေ ၄း၀၀ နာရီလောက်မှာ အဖြေရပါတယ် အဲ့ဒီမှာ
ဆရာဝန်က ချက်ချင်း ခွဲလို့ မရသေးဘူးတဲ့ လူနာကအားနည်းနေတယ် အဲ့ဒီတော့ အားပြန်ပြည့်အောင်
ငါးရက်လောက် စောင့်ရမယ် ဆိုပြီးပြောတယ် အဲ့ဒီမှာ ကျွန်တော်တို့လဲ အဖေ့ကို အားရှိလာအောင် ကောင်း
ရာမွန်ရာလေးတွေ ဝယ်ကျွေးကြ ပြီး ဆေးရုံမှာ စောင့်နေကြတယ် ဒီိလိုစောင့်နေရင်းနဲ့ အဖေရဲ့ အခြေအနေက တဖြေးဖြေးနဲ့ ဆိုးလာခဲ့တယ် အဲ့ဒါနဲ့ ဆရာဝန်ကို ပြောတော့ ငါးရက်မြောက်ပြီး ခြောက်ရက်
ရောက်တဲ့ နေမှာ ခွဲခန်းဝင်တယ် ကျွန်တော်တို့တွေက ခွဲခန်းအပြင်ကနေစောင့်နေတယ် အဲ့ဒီမှာ ၁း၃၀ နာရီ
လောက်ကြာတယ် အဖေ့ကို တွန်းလှည်းပေါ်တင်ပြီး တွန်းလာတာမြင်တော့ အားလုံးဝိုင်းပြီး ဆရာဝန်ကိုမေး
ကြတယ် အဲ့ဒီမှာ ဆရာဝန်က ခွဲစိတ်တာ စိတ်တော့မကောင်းပါဘူးဗျာ မအောင်မြင်ဘူးတဲ့ သူ့အတိုင်းပဲ ပြန်
ချုပ်ပေးလိုက်ရတယ်တဲ့ အစာအိမ် အထဲမှာ တော်တော်အခြေအနေဆိုးနေပြီး အစာအိမ်တစ်ခုလုံးပြန့်နေပြီ
တဲ့လေ အဲ့ဒီမှာ မိသားစုဝင်တွေ အားလုံး မျက်ရည်လေးစမ်းတန်း စမ်းတန်းတွေနဲ့ ဖြစ်ကုန်တော့တယ်
ဒါဆိုရင်ဆရာရယ် ဘယ်လောက်ခံနိုင်အုံးမလဲလို့မေးတော့ ၃ လနဲ့ ၆ လကြားလောက်ပဲတဲ့ အဲ့ဒါနဲ့ အဖေ့ကို
ငှားထားတဲ့ အခန်းကို ပြန်ခေါ်လာတယ် အခန်းထဲရောက်တဲ့ အထိ အဖေကသိပ်ပြီး သတိမရသေးဘူး
မိနစ် ၂၀ လောက်နေတော့ အဖေက သတိပြန်ရလာပြီ အဲ့ဒီမှာမေးတော့တာပဲ ဘယ်လိုလဲ ငါ့သားတို့ ခွဲခန်း
ကဘာပြောလဲ ဆိုတော့ ညီအစ်ကို နှစ်ရောက်လိမ်ကြရတော့တာပေါ့ ရင်ထဲကမှာပူလောင် ငိုကြွေးနေတာ
တွေကို ဖြေပြီး အဖေ့ကို အပြုံးလေးနဲ့ အဆင်ပြေတယ် အဖေ အောင်မြင်တယ်လို့ပြောပါတယ် တစ်ပတ်လောက် နေပြီးရင် ဆေးရုံက ဆင်းရမယ်လို့ပြောပါတယ် ဆိုပြီးပြောလိုက်ကြတယ် ဒီလိုနဲ့ ဆေးရုံကဆင်းပြီး တစ်လနဲ့ ၉ ရက်ပဲ ခံတယ် အဖေဟာ 2007 ခုနှစ် 11 လပိုင်း 1 ရက်နေ့မှာ ဆုံး
ပါးသွားပါတယ်
ကျွန်တော်ရေးတဲ့စာတွေကြောင့် ခံစားသွားရရင် ခွင့်လွှတ်ပေးပါ ကျေးဇူးတင်ပါတယ်
No comments:
Post a Comment