ကျွန်တော်ကို
အင်္ဂလန်မှာ မမွေးတဲ့ အတွက် ကျွန်တော် ဘောလုံးသမားမဖြစ်ဘူး
အဲ့ဒါကြောင့်
စိတ်ဆင်းရဲတယ်
ကျွန်တော်ကို
ချမ်းချမ်းသာသာ နေရအောင်မိဘတွေက ဥစ္စာဓနတွေ မရှာပေးခဲ့ဘူး
အဲ့ဒါကြောင့်
ကျွန်တော်စိတ်ဆင်းရဲတယ်
ကျွန်တော့်
အဖေက နိုင်ငံတော် သမ္မတ ဖြစ်အောင်မလုပ်ခဲ့တဲ့ အတွက်
ကျွန်တော်
စိတ်ဆင်းရဲတယ်
ကျွန်တော့်ကို
လွတ်လွတ်လပ်လပ် နေပြီးလုပ်ချင်ရာလုပ်လို့ရတဲ့ ဘာသာထဲကိုမရောက်ခဲ့တဲ့အတွက်
ကျွန်တော်စိတ်ဆင်းရဲတယ်
စိတ်ချမ်းသာတယ်
ကျွန်တော့်ကို
မြန်မာပြည်မှာ မွေးပြီး မြန်မာ့ ယာဉ်ကျေးမှုတွေနဲ့ မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ တစ်ယောက်ကိုတစ်ယောက်
တန်ဖိုးထားမှုတွေ စာနာမှုတွေ လေးစားမှုတွေ ကြားထဲမှာမွေးဖွားခဲ့ တဲ့အတွက်ကျေးဇူးတင်တယ်
စိတ်ချမ်းသာတယ်
ကျွန်တော့်
အဖေက ကျွန်တော်တို့အတွက် ဥစ္စာဓနတွေ မချန်ထားခဲ့ဘူး ဒါပေမဲ့ ကျွန်တော်တို့ကို အသိပညာတွေ
အတတ်ပညာတွေ လူမှုဆက်ဆံရေးတွေ လိုက်လျောညီထွေအောင် နေတတ်ဖို့ သင်ကြားပို့ချလမ်းပြပေးခဲ့တဲ့
အတွက် စိတ်ချမ်းသာတယ်
ကျွန်တော့
အဖေက နိုင်ငံတော်သမ္မတ မဟုတ်ပေမဲ့ ရပ်ကွက်လူကြီးတော့ ဖြစ်ခဲ့တယ် ရပ်သူရွာသားတွေ အပေါ်ကို
စေတနာတွေထား မေတ္တာတွေထားပြီး ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ အတွက်
အခုအဖေ ဆုံးပါးသွားတာတောင်မှ အဖေ့ကို ချီးမွမ်းသံတွေ အခုချိန်ထိ ကြားနေရတဲ့အတွက် ကျွန်တော်
ဂုဏ်ယူတယ် စိတ်ချမ်းသာတယ်
ကျွန်တော့်ရဲ့
အယူမှားပေါ့ ကျွန်တော်ငယ်ငယ် က ဗုဒ္ဓဘာသာကို အရမ်းကျဉ်းကျပ်တယ် လို့ထင်မြင်ခဲ့တယ် တကယ်တမ်း
ကြတော့ ကျွန်တော်တို့ ဘာသာက ပိုပြီးတော့ လွတ်လပ်တယ် မျှတတယ် အေးမြတယ် ကြည်လင်တယ် ဖြူစင်တယ်
အဲ့ဒါကြောင့်မို့ ကျွန်တော်စိတ်ချမ်းသာတယ်
No comments:
Post a Comment